Blockchain ဆိုတာ လူတိုင်းကြည့်လို့ရတဲ့ Public Ledger ကြီးဆိုတာ သိကြမှာပါ။ ဆိုလိုတာက ခင်ဗျားတို့ Bitcoin လွှဲရင် ဘယ် Wallet ကနေ ဘယ်လောက်သွားတယ်ဆိုတာ မတောက်တခေါက်ဖုန်းသုံးတတ်နေတဲ့ ကလေးကကအစ လှမ်းကြည့်လို့ရနေတာမျိုးပေါ့။


အဲဒီတော့ 'ငါ့ပိုက်ဆံ ငါသုံးတာ ဘယ်သူမှမသိစေချင်ဘူး' ဆိုတဲ့သူတွေအတွက် Privacy Coins တွေက ကယ်တင်ရှင်ဖြစ်လာပါတယ်။ ဒီနေ့မှာတော့ ၂၀၂၅ မှာ ဘာလို့ ဒီ Coin တွေ အကြီးအကျယ် Surging ဖြစ်နေရတာလဲ? ဘယ် Coin တွေကို စောင့်ကြည့်သင့်လဲဆိုတာ ပြောပြပေးသွားပါမယ်။

 

ရိုးရိုး Crypto တွေက ပွင့်လင်းမြင်သာမှုကို ဦးစားပေးပေမယ့် Privacy Coins တွေကတော့ Anonymity ကို အဓိကထားပါတယ်။

ဥပမာလေးနဲ့ ပြောရရင် Bitcoin က မှန်အကြည်နဲ့ လုပ်ထားတဲ့ ပိုက်ဆံအိတ်လိုပဲ။ အထဲမှာ ဘယ်လောက်ရှိလဲ အကုန်မြင်ရတယ်။ Privacy Coin ကတော့ သံသေတ္တာထဲ ထည့်ထားတဲ့ ပိုက်ဆံလိုပဲ။ သော့ရှိတဲ့သူပဲ ဖွင့်ကြည့်လို့ရမယ်။ ဘယ်သူ့ဆီက လာမှန်းလည်း မသိရဘူး၊ ဘယ်သူ့ဆီ သွားမှန်းလည်း ရှာမရဘူး။


Binance Account ဖွင့်ရန် ရာသက်ပန် 20% discount link (Click Here) 👍👍

၂၀၂၅ မှာ ဘာကြောင့် Privacy Coins တွေ ဈေးတက်လာတာလဲ?


အကြောင်းရင်းကတော့ ရှင်းရှင်းလေးပါ... "လုံခြုံချင်လို့ပါ"။ အစိုးရတွေက Crypto ကို ပိုပြီး စောင့်ကြည့်လာကြတာကြောင့် ကိုယ့်ရဲ့ Financial Data ကို အစိုးရဆီ အကုန်မပြချင်တဲ့ Investor တွေက Privacy ဘက်ကို ခြေဦးလှည့်လာကြတာပါ။ အခုနောက်ပိုင်း Blockchain ကို Track တဲ့ Tool တွေက အရမ်းတော်လာပြီ။ "မင်း မနေ့က ဘယ်ဆိုင်မှာ ကော်ဖီသောက်ခဲ့လဲ" ဆိုတာအထိ သိလာနိုင်တဲ့အခြေအနေမှာ ကိုယ့် Privacy ကိုယ် ပြန်ဝယ်ကြတာမျိုးပေါ့။


တကယ့် Whales ကြီးတွေနဲ့ လုပ်ငန်းရှင်ကြီးတွေက သူတို့ရဲ့ ငွေလွှဲမှုတွေကို ပြိုင်ဘက်တွေ မသိစေချင်ကြဘူးလေ။ဘယ်သူက ကိုယ့်ရဲ့ Business Strategy ကို ကမ္ဘာသိ ကြေညာချင်မှာလဲနော်။


ဒါဆိုရင် Privacy Coin လောကမှာ 'ဆရာကြီး' လို့ သတ်မှတ်ခံထားရတဲ့ ကောင်တွေကို ကြည့်ရအောင်။


Monero (XMR) - Privacy ရဲ့ ဘုရင်


Monero ကတော့ Privacy လို့ ပြောလိုက်တာနဲ့ နံပါတ် (၁) ပါပဲ။ သူက Ring Signatures နဲ့ Stealth Addresses နည်းပညာကို သုံးထားတော့ ဘယ်သူလွှဲတယ်၊ ဘယ်သူလက်ခံတယ်ဆိုတာ လုံးဝ Track လုပ်လို့ မရပါဘူး။

ဟာသတစ်ခုရှိပါတယ် FBI တောင် Monero ကို Track လုပ်နိုင်ရင် ဆုကြေးပေးမယ်လို့ ကြေညာထားရတဲ့အထိ Monero က 'ဂျစ်' တိုက်နိုင်တာပါ။


Zcash (ZEC) 


Zcash ကတော့ Monero နဲ့ မတူတာက "Selective Disclosure" လို့ ခေါ်တဲ့ ရွေးချယ်ခွင့်ရှိတယ်။ ကိုယ်ပြချင်တဲ့သူကိုပဲ ငွေလွှဲတာကို ပြလို့ရတယ် (ဥပမာ- အခွန်ဌာနကို ပြမယ်၊ ကျန်တဲ့သူတွေကို ဖုံးထားမယ်)။ သူသုံးတဲ့ zk-SNARKs ဆိုတဲ့ နည်းပညာက အခုခေတ်မှာ အရမ်း Trend ဖြစ်နေပါတယ်။


Dash (DASH) 


Dash ကတော့ နဂို Bitcoin ရဲ့ Code ကို အခြေခံထားတာပါ။ သူ့မှာ PrivateSend ဆိုတဲ့ Feature ပါဝင်ပြီး Transactions တွေကို အချင်းချင်း ရောမွှေပစ်လိုက်တာကြောင့် ဘယ်သူ့ဆီက ဘာလာမှန်း ခွဲခြားရ ခက်သွားစေပါတယ်။ သူကတော့ နေ့စဉ်သုံးဖို့အတွက် ပိုပြီး လူကြိုက်များပါတယ်။


Privacy Coins တွေက ကောင်းသလိုပဲ၊ တစ်ဖက်မှာလည်း Risk ရှိပါတယ်။ အစိုးရအချို့က ဒီ Coin တွေကို "ငွေခဝါချမှု" မှာ သုံးနိုင်တယ်ဆိုပြီး Exchange တွေပေါ်ကနေ ဖယ်ရှားခိုင်းတာတွေ လုပ်တတ်ပါတယ်။ ဒါကြောင့် ရေရှည်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် Regulation တွေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လိုပါတယ်။


၂၀၂၅ မှာ Digital Privacy က လူ့အခွင့်အရေးတစ်ခုလို ဖြစ်လာတာနဲ့အမျှ ဒီ Coins တွေရဲ့ အခန်းကဏ္ဍက ပိုကြီးမားလာဦးမှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ Financial Data ကို ကိုယ်တိုင်ပဲ Control လုပ်ချင်တယ်ဆိုရင်တော့ Privacy Coins တွေက လေ့လာသင့်တဲ့ Area တစ်ခုပါပဲ။


#BinanceAlphaAlert #StrategyBTCPurchase #CPIWatch #WriteToEarnUpgrade