Binance Square က သူငယ်ချင်းတို့ရေ... အခုနောက်ပိုင်း P2P Trade ရင်း ငွေအတုတွေ၊ ဘဏ်အပိတ်ခံရတာတွေ ခေတ်စားနေလို့ ကျွန်တော် ဘဏ်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေး တစ်ခု မျှဝေချင်ပါတယ်။
တစ်ခါက ဘဏ်အကောင့်ထဲကနေ ငွေသိန်း (၁၀) သွားထုတ်တာ တစ်သောင်းတန် အတု တစ်ရွက် ပါလာပါတယ်။ ဘဏ်ဝန်ထမ်းက "ငွေအတု" ဆိုပြီး ချက်ချင်း အပေါက်ဖောက်လိုက်ပါတယ်။ ကျွန်တော်လည်း ခဏတော့ ကြောင်သွားပေမဲ့ ချက်ချင်း စဉ်းစားမိလိုက်တာက "ငွေက ငါလာသွင်းတာမဟုတ်ဘူး၊ ငါလာထုတ်တာလေ" ဆိုတာပါပဲ။
ကျွန်တော် ကွန်ပလိန်းတက်တော့ ဝန်ထမ်းတွေက "ငွေအတုဆို အပေါက်ဖောက်ရတာ ပုံမှန်ပဲ" ဆိုပြီး ငြင်းပါတယ်။ မန်နေဂျာအထိ ရောက်သွားတော့လည်း "မကျေနပ်ရင် ရဲစခန်းမှာ ရှင်း" ဆိုပြီး ခပ်တင်းတင်း ပြောလာပါတယ်။
နောက်ဆုံး "ဒီငွေအတုက မင်းတို့ဘဏ်ဆီက ထွက်လာတာ" လို့ သေချာပြောလိုက်တော့မှ ရှက်ရမ်းရမ်းပြီး သူတို့ဝန်ထမ်းတွေကို ပြန်ဆူပါတော့တယ်။
ဒီဖြစ်ရပ်ကနေ ရတဲ့ သင်ခန်းစာက -
၁။ ဘဏ်ကထုတ်တာပဲဆိုပြီး ပေါ့ပေါ့တန်တန် မနေပါနဲ့၊ ငွေကို သေချာစစ်ပါ။
၂။ ကိုယ့်ဘက်က မှန်နေရင် ကြောက်မနေဘဲ သေချာ ပြောဆို တုံ့ပြန်ပါ။
၃။ P2P Trade တဲ့အခါမှာလည်း ငွေသွင်းငွေထုတ်တွေကို အမြဲ သတိထားကြပါ။
ဒီလိုမျိုး ဘဏ်နဲ့ ပတ်သက်တဲ့ အခက်အခဲတွေ၊ P2P အတွေ့အကြုံတွေ သိချင်ရင် ကျွန်တော့်ကို Follow လုပ်ထားနိုင်ပါတယ်ခင်ဗျာ။
#Cryptomyanmar #BankingTips #customerprotection
#CryptoMyanmar #BankingTips #BinanceP2P #ConsumerProtection
