ရွှေဈေးဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် $5,000 per ounce ကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ဒါဟာ ရင်းနှီးမြှုပ်နှံမှုဈေးကွက်အတွက် အလွန်အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဘာကြောင့် ရွှေဈေး ဒီလောက်တက်လာတာလဲ?
ဒေါ်လာတန်ဖိုး ကျဆင်းမှု
အမေရိကန်ဒေါ်လာတန်ဖိုး အားနည်းလာတဲ့အခါ လူတွေက အန္တရာယ်နည်းတဲ့ Safe Haven Asset အဖြစ် ရွှေကို ပိုမိုရွေးချယ်လာကြပါတယ်။
ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုများ
စစ်ရေးတင်းမာမှု၊ ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းမပြေလည်မှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူများဟာ လုံခြုံမှုရှိတဲ့ Asset ကို လိုအပ်လာကြပါတယ်။
Central Bank များ၏ ရွှေဝယ်ယူမှု မြင့်တက်လာခြင်း
နိုင်ငံအချို့ရဲ့ ဗဟိုဘဏ်တွေက ဒေါ်လာအပေါ် မူတည်မှုလျှော့ချဖို့ ရွှေကို များစွာ ဝယ်ယူလာတာကြောင့် Demand တိုးလာပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေအတွက် ဘာကို သတိထားရမလဲ?
• ရွှေဈေးတက်တာနဲ့အမျှ ပြန်ကျနိုင်ခြေ လည်းရှိပါတယ်
• Short-term Trading လုပ်မယ်ဆိုရင် Risk Management မရှိမဖြစ်လိုအပ်ပါတယ်
• Long-term အနေနဲ့တော့ ရွှေဟာ အန္တရာယ်လျော့နည်းတဲ့ Asset တစ်ခုအဖြစ် ဆက်လက်တန်ဖိုးရှိနေပါသေးတယ်
✨ $5,000 ATH ဟာ ရွှေရဲ့ အနာဂတ်ကို နောက်တစ်ဆင့်မြှင့်တင်ပေးတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာပါပြီ။
