တစ်ခါတုန်းက “Crypto မြို့” ဆိုတဲ့ မြို့တစ်မြို့မှာ ရထားတစ်စင်းရှိတယ်။
အဲ့ဒီရထားကို Blockchain ရထား လို့ခေါ်ကြတယ်။
ရထားမှာ Coach များစွာရှိတယ်။
Coach တစ်ခုချင်းစီမှာ မတူညီတဲ့ ပစ္စည်းတွေကို သယ်ဆောင်နေကြတယ်။
Coach A မှာ ရွှေ (Gold) 💛 သယ်လာတယ်
Coach B မှာ ငွေ (Silver) 🩶 သယ်လာတယ်
Coach C မှာ ကြေး (Copper) 🧡 သယ်လာတယ်
ရထားပေါ်က လူတွေဟာ ကိုယ်ရှိတဲ့ပစ္စည်းကို အပြန်အလှန် လဲလှယ်ချင်ကြတယ်။
ဥပမာ – Gold ကိုင်တဲ့သူက သူ့ရွှေကို ပေးပြီး Silver ယူချင်တယ်။
ဒါဖြစ်ဖို့တော့ “Service Fees 💸” သေးသေးလေးတစ်ခုပေးရတယ်။
💎 Crypto နဲ့ ဆက်သွယ်ခြင်း
ဒီရထားက Blockchain 🧠 တစ်စင်းပါပဲ။
Coach တစ်ခုချင်းစီကတော့ အခြား Project တစ်ခုစီဖြစ်တယ်။
ဥပမာ –
Coach A → Gold Token
Coach B → Silver Token
ရထားတစ်စင်း (Blockchain တစ်ခု) အတွင်းမှာပဲ Gold နဲ့ Silver လဲလှယ်နိုင်တယ်။
ဒါကို Swapping 🔄 လို့ခေါ်တယ်။
🌉 Bridging ဇာတ်လမ်း
တစ်နေ့မှာ Crypto မြို့ထဲက Blockchain ရထားကို ဖြတ်သွားတဲ့ နောက်ထပ်ရထားတစ်စင်း ရှိလာတယ် 🚄
ဒီတစ်စင်းကတော့ Binance Chain လို့ခေါ်တယ်။
Ethereum ရထားပေါ်က Gold ကိုင်သူတစ်ယောက်က
“ဟယ်! ငါ့ရဲ့ Gas Fee 💰 အရမ်းများနေပြီ။ Binance ရထားပေါ်ကို ပြောင်းတင်လိုက်ရမယ်။” ဆိုတော့
သူ့ရဲ့ Token ကို အခြားရထားတစ်စင်းသို့ ပြောင်းပို့လိုက်တယ်။
ဒါကိုပဲ Bridging 🔗 လို့ခေါ်တယ်။
💡 Swapping = တစ်စင်းထဲမှာပဲ လဲခြင်း
💡 Bridging = တစ်စင်းကနေ တစ်စင်းကို ပြောင်းခြင်း
💻 ရထားတိုင်းမှာ ရှိတဲ့ စျေးကွက် (Platform) များ
Crypto မြို့မှာ ရထားတိုင်းက သူ့အတွက် စျေးကွက်ရှိတယ်။
1. Ethereum ရထား → Uniswap 🔄
ERC20 Token တွေ လဲလှယ်နိုင်တယ် (AIOZ, USDT, USDC)
2. Solana ရထား → Jupiter 💫
Solana Token တွေ (SOL, TRUMP) လဲလှယ်နိုင်တယ်
3. Binance ရထား → PancakeSwap 🥞
BEP20 Token တွေ (BNB, Cake, USDT) လဲလှယ်နိုင်တယ်
အဲ့မှာလဲ Gas Fee 💸 အနည်းအများ မတူညီကြတယ်။
🧩 Cross-Chain Platform (မြို့ထဲက စုပေါင်းဈေးကွက်)
နောက်ပိုင်းမှာတော့ Crypto မြို့သူတွေအတွက်
တစ်နေရာတည်းမှာ Swap + Bridge နှစ်ခုလုံး လုပ်နိုင်တဲ့ စျေးကွက် တစ်ခုဖွင့်လိုက်တယ်။
နာမည်ကတော့ 👉 Rango Exchange 🌍
Ethereum ↔ Binance ↔ Solana တို့အကြား လဲလှယ်နိုင်တယ်
Trust Wallet, Phantom စတဲ့ Wallet တွေအားလုံးနဲ့ အသုံးပြုနိုင်တယ်
Fast ⏱ Transaction + Low Fee 💰
📚 နောက်ဆုံးအကြံပြုချက်
မည်သည့် ရထား (Blockchain) ပေါ်မှာမဆို
သင် လုပ်ဆောင်မယ့်အခါမှာ အဲ့ဒီရထားရဲ့ “အင်ဂျင်ဆီဆီ” —
ဆိုလိုတာက Native Coin (ETH, BNB, SOL) — ကို Gas Fees အနေနဲ့ အနည်းငယ်တော့ ထည့်ထားဖို့လိုတယ်။
ပြီးတော့ ✅ မှန်ကန်တဲ့ Website များကိုသာ သုံးပါ။
မဟုတ်ရင် Scam 🚫 ဖြစ်နိုင်တယ်။
အလွယ်တကူနဲ့ 💡 Crypto Currency နဲ့ Blockchain ကို လေ့လာချင်သူများအတွက် —
ကျွန်တော်တို့ရဲ့ 📘 Crypto Blockchain in Myanmar Facebook စာမျက်နှာကို
Follow 👍 လုပ်ဖို့၊ Like ❤️ ပေးဖို့ မမေ့ပါနဲ့နော်။ 🚀🇲🇲💰


