ရွှေဆိုတာ အရေးကြုံရင် ထုတ်သုံးဖို့၊ ဒုက္ခရောက်ရင် အားကိုးဖို့ စုထားတဲ့ "နောက်ဆုံးခံစစ်" ပါ။ ဒါပေမဲ့ အိမ်ကရှိသမျှ ရွှေထည်တွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို ထုတ်ရောင်းပြီး ရန်ပွဲတစ်ခုအတွက် အားသွန်ခွန်စိုက် သုံးနေရပြီဆိုရင်တော့ အခြေအနေက သိပ်မဟန်တော့ဘူးဆိုတာ လူတိုင်းသိပါတယ်။ အခု ရုရှားနိုင်ငံမှာအဲဒီအတိုင်းကိုဖြစ်နေတာပါ။

ကမ္ဘာ့အင်အားကြီးနိုင်ငံလို့ အားလုံးသိထားတဲ့ ရုရှားရဲ့ "ငွေတိုက်စိုး" ဘယ်လို အကျပ်ရိုက်နေလဲဆိုတဲ့ အကြောင်းနည်းနည်းပြောပြမယ်။ ဒါက နိုင်ငံရေးတင်မဟုတ်ဘဲနဲ့ ကျွန်တော်တို့အားလုံးရဲ့ စားဝတ်နေရေးနဲ့ ကုန်ဈေးနှုန်းတွေအပေါ် ဘယ်လို သက်ရောက်လာနိုင်မလဲဆိုတာကိုပါ တွေးကြည့်ဖို့ လိုပါတယ်။

၁။ အရေးပေါ်စုဘူးထဲက ရွှေတွေ ဘာလို့နည်းလာတာလဲ?

ရုရှားမှာ National Wealth Fund (NWF) လို့ခေါ်တဲ့ "နိုင်ငံတော် အရေးပေါ် အရန်ငွေတိုက်" တစ်ခုရှိပါတယ်။ ရေနံရောင်းလို့ရတဲ့ ပိုလျှံငွေတွေကို အနာဂတ်အတွက် စုထားတဲ့ စုဘူးပေါ့ဗျာ။ စစ်မဖြစ်ခင်တုန်းက ဒီစုဘူးထဲမှာ အလွယ်တကူ ထုတ်သုံးလို့ရတဲ့ ငွေသားနဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၁၁၃ ဘီလီယံကျော် ရှိခဲ့ပါတယ်။

အခု ၂၀၂၆ ဇန်နဝါရီမှာ ဒီစုဘူးထဲမှာ ဒေါ်လာ ၅၀ ဘီလီယံလောက်ပဲ ကျန်တော့တာပါ။ အဲဒီပမာဏက သူတို့ရဲ့ အရေးပေါ် ရန်ပုံငွေ တစ်ဝက်ကျော်က ပြောင်သလောက် ဖြစ်သွားပြီ။ ပိုပြီး ထိတ်လန့်ဖို့ကောင်းတာက ဒီရန်ပုံငွေထဲမှာရှိတဲ့ ရွှေအရန်သင့် ပိုင်ဆိုင်မှု ၇၁ ရာခိုင်နှုန်းကျော်ကို ထုတ်ရောင်းပြီး စစ်အသုံးစရိတ်အတွက် သုံးလိုက်ရပြီ ဆိုတာပါပဲ။

၂။ ရေနံကရတဲ့ ပိုက်ဆံထက် စစ်စရိတ်က ပိုများနေသောအခါ

ဆယ်စုနှစ်ပေါင်းများစွာ ရုရှားကို ထမင်းကျွေးလာတာက ရေနံနဲ့ သဘာဝဓာတ်ငွေ့ပါ။ ဒါပေမဲ့ အခုတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ပါပြီ။ "ATM" စက်လို့တင်စားထားတဲ့ ရေနံကနေ ပိုက်ဆံထွက်တာ နည်းလာပြီး "စစ်အသုံးစရိတ်" ဆိုတဲ့ ထွက်ငွေအပေါက်ကြီးက ပိုကျယ်နေပါတယ်။

ကိန်းဂဏန်းတွေအရ ကြည့်ရင် ၂၀၂၅ အတွင်းမှာ ရုရှားရဲ့ ရေနံနဲ့ Gas ဝင်ငွေက ၂၂ ရာခိုင်နှုန်းလောက် ထိုးကျသွားခဲ့ပါတယ်။ နိုဝင်ဘာလ တစ်လတည်းတင် ၃၄ ရာခိုင်နှုန်းအထိ လျော့သွားတာပါ။ ဘာကြောင့်လဲဆိုတော့:

- နိုင်ငံတကာရဲ့ ပိတ်ဆို့မှု (Sanctions) တွေကြောင့် ရေနံကို ဈေးလျှော့ရောင်းနေရတယ်။

- ငွေပေးချေမှုနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေက ပိုခက်ခဲလာတယ်။

အရင်က ဝင်ငွေနဲ့ အသုံးစရိတ် မျှခြေရှိခဲ့ပေမဲ့ အခုတော့ ဘတ်ဂျက်လိုငွေက ခန့်မှန်းထားတာထက် ၅ ဆလောက် ပိုများနေပါတယ်။ ရိုးရိုးလေး စဉ်းစားကြည့်ရင် ဝင်ငွေ ၁ သောင်းရှိတဲ့သူက အသုံးစရိတ် ၅ သောင်း ဖြစ်နေသလိုမျိုးပေါ့။ ဒီတော့လည်း ရှိတဲ့ရွှေ ထုတ်ရောင်းရတော့တာပေါ့ဗျာ။

၃။ ၂၀၂၆ အလယ် - ရုရှားအတွက် "အနီရောင်အဆင့်"

အခုလက်ရှိ သုံးစွဲနေတဲ့နှုန်း (Burn Rate) အတိုင်းသာ ဆက်သွားမယ်ဆိုရင် စီးပွားရေးပညာရှင်တွေက ၂၀၂၆ ခုနှစ် အလယ်လောက်မှာ ရုရှားရဲ့ အရေးပေါ်ရန်ပုံငွေထဲက ငွေသားတွေ အကုန်ပြတ်သွားမယ် လို့ ခန့်မှန်းထားကြပါတယ်။ ဒါက ဈေးကွက်သမားတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ စောင့်ကြည့်နေရမယ့် "Dead Line" ကြီးပါ။

အဲဒီအချိန်ကျရင် ရုရှားမှာ ရွေးချယ်စရာ လမ်း ၄ ခုပဲ ကျန်ပါတော့တယ်

1. ပထမ စစ်စရိတ်လျှော့ချမယ်။ ဒါက လက်ရှိအခြေအနေအရ ဖြစ်နိုင်ခြေ အနည်းဆုံးလို့ပြောရမယ်။

2. ဒုတိယက ငွေစက္ကူတွေ ထပ်ရိုက်ထုတ်တာပါ။ ဒါကတော့ အဆိုးဆုံးလို့ပြောရမလားပဲ။ ငွေကြေးဖောင်းပွမှု (Inflation) ကို ဖြစ်စေပြီး ကုန်ဈေးနှုန်းတွေ ထိန်းမနိုင်သိမ်းမရ တက်လာပါနိုင်တယ်။

3. တတိယက အခွန်တိုးကောက်မယ်။ ပြည်သူတွေဆီက အခွန်ညှစ်တာက စီးပွားရေး ကျဆင်းမှု (Recession) ကို ဦးတည်သွားစေနိုင်ပါတယ်။

4. နောက်ဆုံးတစ်ခုက ပြည်တွင်းကနေအကြွေးတွေ တိုးယူတာပါ။ အဲ့တာက အတိုးနှုန်းတွေ တက်လာပြီး စီးပွားရေးလုပ်ငန်းတွေ ကျပ်လာနိုင်တယ်။

ဘယ်လမ်းကိုပဲ ရွေးရွေး၊ နာကျင်မှုကတော့ ရှိမှာပါပဲ။

၄။ ဒါက ငါတို့နဲ့ ဘာဆိုင်လို့လဲ?

ဒါနဲ့ ပတ်သက်လို့ နည်းနည်းဆက်ဆွေးနွေးကြည့်ရအောင်။​ "ရုရှားက တိုင်ပတ်ပြီးပိုက်ဆံပြတ်တာက ငါတို့နဲ့ ဘာဆိုင်လဲ" လို့ မေးစရာရှိပါတယ်။ တကယ်တော့ ရုရှားက ကမ္ဘာ့ကုန်စည်စီးဆင်းမှုမှာ အရေးပါတဲ့ "ကစားသမား" တစ်ယောက်ပါ။ သူတို့မှာ ပိုက်ဆံသာ နည်းသွားတာ၊ ကမ္ဘာက လိုအပ်နေတဲ့ သယံဇာတတွေကိုတော့ သူတို့ အခုချိန်ထိ ဆုပ်ကိုင်ထားဆဲပါ။

သူတို့မှာ

- ကမ္ဘာ့ ယူရေနီယံ (Uranium) သန့်စင်မှုရဲ့ ၄၀ ရာခိုင်နှုန်း။ (လျှပ်စစ်စွမ်းအင်အတွက် အရေးကြီးတယ်)

- ကမ္ဘာ့ ဂျုံ (Wheat) တင်ပို့မှုရဲ့ ၂၄ ရာခိုင်နှုန်း။ (မင်းတို့ စားနေတဲ့ ပေါင်မုန့်၊ ခေါက်ဆွဲဈေးတွေနဲ့ တိုက်ရိုက်ဆိုင်တယ်)

- ကမ္ဘာ့ မြေသြဇာ (Fertilizers) ရဲ့ ၁၈ ရာခိုင်နှုန်း။ (ဒါမရှိရင် စိုက်ပျိုးရေးလုပ်ငန်းတွေ ဒုက္ခရောက်မယ်)

- ကမ္ဘာ့ ပယ်လေဒီယမ် (Palladium) ရဲ့ ၄၀ ရာခိုင်နှုန်း။ (ဖုန်းတွေ၊ ကားတွေ ထုတ်လုပ်ဖို့ မရှိမဖြစ်)

ဒါကြောင့် ရုရှားရဲ့ စီးပွားရေး အကျပ်အတည်းက ဘဏ်တွေပြိုလဲတဲ့ "Financial Contagion" ထက်၊ ကုန်ပစ္စည်းတွေ ပြတ်လပ်သွားမယ့် "Supply Shock" ကို ပိုကြောက်ရတာပါ။

ဆိုတော့ ရုရှားက အခုတော့ ဈေးဖိုးတွေမလောက်တော့လို့ ရွှေတွေထုတ်ရောင်းပြီး စစ်ပွဲကို ဆက်တိုက်နေရပါပြီ။ ဒါပေမဲ့ ရွှေဆိုတာ ကုန်နိုင်သလို၊ အရေးပေါ်စုဘူးဆိုတာလည်း တစ်နေ့မှာ ပြောင်သွားနိုင်ပါတယ်။ အခုလာမယ့် ၂၀၂၆ အလယ်ပိုင်းက ရုရှားအတွက်တင်မကဘဲ ကမ္ဘာ့ကုန်စည်ဈေးကွက်အတွက်ပါ အလှည့်အပြောင်းကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။

ကျွန်တော်တို့အနေနဲ့ သတိထားရမှာက ကမ္ဘာ့တစ်ဖက်ခြမ်းက စီးပွားရေး အကျပ်အတည်းက ကျွန်တော်တို့ရဲ့ မီးဖိုချောင်ထဲက ဆန်အိုး၊ ဆီအိုးတွေအထိ ရိုက်ခတ်လာနိုင်တယ်ဆိုတာပါပဲ။ အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်ရင်း၊ ကုန်ဈေးနှုန်း အတက်အကျတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့လည်း လိုပါလိမ့်မယ်။

အရေးကြီးတာက အင်အားကြီးနိုင်ငံတွေတောင်မှ စနစ်တကျ မစီမံနိုင်ရင် "အရေးပေါ်စုဘူး" ဆိုတာ ပြောင်သွားတတ်တယ်ဆိုတဲ့ သင်ခန်းစာကို မိတ်ဆွေတို့ကိုလည်း ရစေချင်တာပါ။ မိတ်ဆွေတို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်း အောက်က Comment မှာ ရေးခဲ့ပေးပါဦး။

$BTC

BTC
BTC
87,766.88
-0.68%