Binance Square

ZOE DEV

Binance KOL (🇲🇲 Myanmar)
Abrir operación
Trader de alta frecuencia
2.3 años
15 Siguiendo
371 Seguidores
405 Me gusta
71 Compartido
Contenido
Cartera
·
--
Elon Musk ရဲ့ Starlink ကို စိန်ခေါ် လိုက်တဲ့ Jeff Bezos ရဲ့ TeraWave 🚀🛰️🛸အာကာသထဲက ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ "အင်တာနက်စစ်ပွဲ" - Elon Musk ရဲ့ Starlink ကို စိန်ခေါ် လိုက်တဲ့ Jeff Bezos ရဲ့ TeraWave 🚀🛰️ ကမ္ဘာကျော်သူဌေးကြီး Jeff Bezos နဲ့ Elon Musk တို့ရဲ့ အားပြိုင်မှုက အခုဆိုရင် ကမ္ဘာမြေမှာတင် မဟုတ်တော့ဘဲနဲ့ ကျွန်တော်တို့ရဲ့ခေါင်းပေါ်က အာကာသအထိပါ ရောက်လာနေပါပြီ။ မိတ်ဆွေတို့လည်း Elon Musk ရဲ့ Starlink အကြောင်း ကြားဖူးကြမှာပါ။ ကမ္ဘာ့ဘယ်နေရာရောက်ရောက် အင်တာနက်ရစေရမယ်ဆိုတဲ့ Starlink ကို အခု Jeff Bezos ရဲ့ Blue Origin ကုမ္ပဏီက "TeraWave" လို့ အမည်ရတဲ့ ဂြိုဟ်တုကွန်ရက်သစ်နဲ့ တရားဝင် စိန်ခေါ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါက ရိုးရိုးတန်းတန်း ပြိုင်ဆိုင်မှုမျိုးတော့ မဟုတ်ဘူး။ အနာဂတ်ရဲ့ ဒေတာစီးဆင်းမှု လမ်းကြောင်းတစ်ခုလုံးကို ဘယ်သူက ထိန်းချုပ်မလဲဆိုတဲ့ "အာကာသ အင်တာနက် စစ်ပွဲ" လို့တောင် ပြောလို့ရပါတယ်။ TeraWave ဆိုတာ ဘာလဲ? ဘာကြောင့် ထူးခြားတာလဲ? Blue Origin ကနေ လွှတ်တင်မယ့် TeraWave က ဂြိုဟ်တုပေါင်း ၅,၄၀၀ ကျော်နဲ့ ဖွဲ့စည်းမယ့် ကွန်ရက်တစ်ခုပါ။ သူတို့က "ငါတို့လည်း Starlink လိုမျိုး အင်တာနက်ပေးမှာပဲ" လို့ ပြောရုံတင် မဟုတ်ဘဲ သူတို့ရဲ့ ပစ်မှတ်က တကယ့်ကို "အကောင်ကြီးကြီး အမှီးရှည်ရှည်" တွေဆီ ဦးတည်ထားပါတယ်။ Starlink က သာမန်အိမ်သုံးသူတွေနဲ့ ဖုန်းအသုံးပြုသူတွေကို အဓိကထားပေမယ့်၊ TeraWave က Data Centers တွေ၊ ကော်ပိုရေးရှင်းကြီးတွေနဲ့ အစိုးရအဖွဲ့အစည်းတွေ ကို အဓိက ပစ်မှတ်ထားပါတယ်။ တစ်နည်းအားဖြင့် Starlink က လူတိုင်းစီးတဲ့ "မြို့ပတ်ဘတ်စ်ကား" ဆိုရင်၊ TeraWave က အရေးကြီးပုဂ္ဂိုလ်တွေနဲ့ ကုန်ပစ္စည်းအများကြီးကို အမြန်ဆုံး ပို့ဆောင်ပေးမယ့် "သီးသန့် လေယာဉ်ကြီး" လိုမျိုး ဖြစ်လာမှာပါ။ အံ့ဩစရာအကောင်းဆုံးအချက်က သူ့ရဲ့ အမြန်နှုန်းလို့ ပြောရပါမယ်။ TeraWave ရဲ့ အမြင့်ဆုံး ဒေတာကူးပြောင်းမှုနှုန်းက တစ်စက္ကန့်ကို 6 Terabits (6 Tbps) အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါက အခုလက်ရှိ ရှိနေတဲ့ ဘယ်ဂြိုဟ်တု အင်တာနက်ထက်မဆို အဆပေါင်းများစွာ ပိုမြန်နေတာပါ။ ကျွန်တော်တို့ အခုသုံးနေတဲ့ အင်တာနက်က ရေပိုက်ခေါင်းက ကျတဲ့ရေလိုမျိုးဆိုရင် TeraWave က ရေတံခွန်ကြီးတစ်ခုလုံး စီးကျလာသလိုမျိုး ဒေတာတွေကို အလုံးအရင်းနဲ့ ပို့ပေးနိုင်မှာ ဖြစ်ပါတယ်။ Bezos ရဲ့ ကိုယ်ပွား - TeraWave vs Amazon Leo ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာတစ်ခု ရှိပါသေးတယ်။ Jeff Bezos က Amazon ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်နေပြန်တော့ သူကိုယ်တိုင် တည်ထောင်ထားတဲ့ Amazon ရဲ့ "Project Kuiper" (Leo လို့လည်း ခေါ်ကြတဲ့ ဂြိုဟ်တုစီမံကိန်း) နဲ့ TeraWave က ပြိုင်ဘက်တွေ ဖြစ်မနေဘူးလား? လို့မေးစရာ ရှိလာပါတယ်။ တကယ်တော့ သူတို့က ဈေးကွက်ကို ခွဲယူထားတာပါ။ Amazon ရဲ့ Project Kuiper က Starlink လိုပဲ သာမန်ပြည်သူတွေဆီကို အင်တာနက် ရောက်အောင်သွားမှာဖြစ်ပြီး၊ Blue Origin ရဲ့ TeraWave ကတော့ ခုဏက ပြောခဲ့သလို စီးပွားရေးလုပ်ငန်းကြီးတွေကိုပဲ ကိုင်တွယ်မှာပါ။ ဆိုလိုတာက Bezos က အခြေခံလူတန်းစားကနေ အစိုးရအဆင့်အထိ အင်တာနက်ဈေးကွက် တစ်ခုလုံးကို "အိတ်သွန်ဖာမှောက်" သိမ်းကျုံးယူဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ နည်းပညာ အောင်မြင်မှုနဲ့ ဘေးကဝေဖန်သံများ Blue Origin အတွက် ၂၀၂၇ ခုနှစ်ကုန်မှာ TeraWave ဂြိုဟ်တုတွေကို စတင်လွှတ်တင်ဖို့ ရည်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း သူတို့ရဲ့ Rocket Booster ကို ပင်လယ်ပြင်ထဲက ရေပေါ်ပလက်ဖောင်းပေါ်မှာ အောင်အောင်မြင်မြင် ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ဒုံးပျံကို ပြန်လည်အသုံးပြုနိုင်တဲ့ နည်းပညာက အရင်က SpaceX တစ်ခုတည်းမှာပဲ ရှိခဲ့တာပါ။ အခုတော့ Blue Origin ကလည်း Musk ရဲ့ နည်းပညာကို အမီလိုက်နိုင်ပြီဆိုတာကို သက်သေပြလိုက်တာပါပဲ။ အောင်မြင်မှုတွေရဲ့တစ်ဖက်မှာ ဝေဖန်သံတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက Bezos ရဲ့ ဇနီး Lauren Sánchez အပါအဝင်၊ အဆိုတော် Katy Perry တို့လို နာမည်ကြီးတွေနဲ့ ၁၁ မိနစ်ကြာ အာကာသခရီးစဉ်တစ်ခုကို Blue Origin က ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာကြီးမှာ စီးပွားရေးတွေ ကျပ်တည်းနေချိန် ဒီလိုမျိုး ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံပြီး အပျော်ခရီးထွက်တာက "အခြေအနေမှန်ကို နားမလည်တာကြဘူးလား (Tone deaf)" လို့ လူအများက ဝေဖန်ခဲ့ကြပါတယ်။ ကျွန်တော်တို့အတွက် ဘာတွေ ဘာတွေဖြစ်လာနိုင်လဲ? ဒီလို ဘီလီယံနာတွေရဲ့ အာကာသပြိုင်ပွဲက ကျွန်တော်တို့လို သာမန်လူတွေအတွက် ဘာအကျိုးရှိမလဲဆိုတာ ဆက်ကြည့်ရအောင်ပါ။ ၁။ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှု (Global Connectivity) အရင်က အင်တာနက်မရနိုင်တဲ့ တောတောင်ထူထပ်တဲ့နေရာတွေ၊ ဝေးလံခေါင်သီတဲ့ ကျွန်းတွေမှာပါ မြန်နှုန်းမြင့် အင်တာနက်တွေ ရလာတော့မယ်။ ဒါက ပညာရေးနဲ့ ကျန်းမာရေးအတွက် အခွင့်အလမ်းသစ်တွေဖြစ်ပါတယ်။ ၂။ ဈေးကွက်ယှဉ်ပြိုင်မှု ပြိုင်ဘက်တွေ များလာလေလေ၊ ဝန်ဆောင်မှု ပိုကောင်းလာပြီး ဈေးနှုန်းတွေလည်း ပိုပြီး သင့်တင့်လာဖို့ ရှိပါတယ်။ Musk တစ်ယောက်တည်း စိုးမိုးထားတဲ့ ဈေးကွက်ထဲကို Bezos ဝင်လာတာက သုံးစွဲသူတွေအတွက်တော့ သတင်းကောင်းပါ။ ၃။ စီးပွားရေး အခွင့်အလမ်းသစ် ဒေတာတွေကို စက္ကန့်ပိုင်းအတွင်း အမြောက်အမြား ပို့နိုင်လာတဲ့အတွက် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေ၊ အွန်လိုင်းကနေ အလုပ်လုပ်သူတွေအတွက် တံကားမရှိ၊ ဓားမရှိ တော့တဲ့ အခြေအနေကို ရောက်လာပါလိမ့်မယ်။ ဆိုတော့ Jeff Bezos ရဲ့ TeraWave က Elon Musk ကို စိန်ခေါ်ရုံတင်မကဘဲနဲ့ အနာဂတ်ရဲ့ နည်းပညာလောကကို တစ်ခေတ်ဆန်းစေမယ့် ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ ၂၀၂၇ ခုနှစ်မှာ စတင်မယ့် ဒီခရီးစဉ်ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးက ဘယ်လောက်အထိ ပိုပြီး ချိတ်ဆက်မိသွားမလဲဆိုတာ စိတ်လှုပ်ရှားစရာပါ။ အာကာသထဲက စစ်ပွဲမှာ ဘယ်သူပဲနိုင်နိုင်၊ အဓိက အကျိုးအမြတ်ရမှာက နည်းပညာရဲ့ အသီးအပွင့်တွေကို ခံစားရမယ့် ကျွန်တော်တို့ သုံးစွဲသူတွေပဲ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေတို့ရော... Starlink နဲ့ TeraWave ဘယ်သူက ပိုပြီး အောင်မြင်မယ်လို့ ထင်သလဲ? အောက်က Comment မှာရေးခဲ့ပေးပါဦး။ အနာဂတ်ကတော့ တကယ်ကို ရင်ခုန်စရာ ကောင်းနေပါပြီ။ 🌟🚀 $TSLA

Elon Musk ရဲ့ Starlink ကို စိန်ခေါ် လိုက်တဲ့ Jeff Bezos ရဲ့ TeraWave 🚀🛰️

🛸အာကာသထဲက ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ "အင်တာနက်စစ်ပွဲ" - Elon Musk ရဲ့ Starlink ကို စိန်ခေါ် လိုက်တဲ့ Jeff Bezos ရဲ့ TeraWave 🚀🛰️
ကမ္ဘာကျော်သူဌေးကြီး Jeff Bezos နဲ့ Elon Musk တို့ရဲ့ အားပြိုင်မှုက အခုဆိုရင် ကမ္ဘာမြေမှာတင် မဟုတ်တော့ဘဲနဲ့ ကျွန်တော်တို့ရဲ့ခေါင်းပေါ်က အာကာသအထိပါ ရောက်လာနေပါပြီ။ မိတ်ဆွေတို့လည်း Elon Musk ရဲ့ Starlink အကြောင်း ကြားဖူးကြမှာပါ။ ကမ္ဘာ့ဘယ်နေရာရောက်ရောက် အင်တာနက်ရစေရမယ်ဆိုတဲ့ Starlink ကို အခု Jeff Bezos ရဲ့ Blue Origin ကုမ္ပဏီက "TeraWave" လို့ အမည်ရတဲ့ ဂြိုဟ်တုကွန်ရက်သစ်နဲ့ တရားဝင် စိန်ခေါ်လိုက်ပြီ ဖြစ်ပါတယ်။
ဒါက ရိုးရိုးတန်းတန်း ပြိုင်ဆိုင်မှုမျိုးတော့ မဟုတ်ဘူး။ အနာဂတ်ရဲ့ ဒေတာစီးဆင်းမှု လမ်းကြောင်းတစ်ခုလုံးကို ဘယ်သူက ထိန်းချုပ်မလဲဆိုတဲ့ "အာကာသ အင်တာနက် စစ်ပွဲ" လို့တောင် ပြောလို့ရပါတယ်။
TeraWave ဆိုတာ ဘာလဲ? ဘာကြောင့် ထူးခြားတာလဲ?
Blue Origin ကနေ လွှတ်တင်မယ့် TeraWave က ဂြိုဟ်တုပေါင်း ၅,၄၀၀ ကျော်နဲ့ ဖွဲ့စည်းမယ့် ကွန်ရက်တစ်ခုပါ။ သူတို့က "ငါတို့လည်း Starlink လိုမျိုး အင်တာနက်ပေးမှာပဲ" လို့ ပြောရုံတင် မဟုတ်ဘဲ သူတို့ရဲ့ ပစ်မှတ်က တကယ့်ကို "အကောင်ကြီးကြီး အမှီးရှည်ရှည်" တွေဆီ ဦးတည်ထားပါတယ်။
Starlink က သာမန်အိမ်သုံးသူတွေနဲ့ ဖုန်းအသုံးပြုသူတွေကို အဓိကထားပေမယ့်၊ TeraWave က Data Centers တွေ၊ ကော်ပိုရေးရှင်းကြီးတွေနဲ့ အစိုးရအဖွဲ့အစည်းတွေ ကို အဓိက ပစ်မှတ်ထားပါတယ်။ တစ်နည်းအားဖြင့် Starlink က လူတိုင်းစီးတဲ့ "မြို့ပတ်ဘတ်စ်ကား" ဆိုရင်၊ TeraWave က အရေးကြီးပုဂ္ဂိုလ်တွေနဲ့ ကုန်ပစ္စည်းအများကြီးကို အမြန်ဆုံး ပို့ဆောင်ပေးမယ့် "သီးသန့် လေယာဉ်ကြီး" လိုမျိုး ဖြစ်လာမှာပါ။
အံ့ဩစရာအကောင်းဆုံးအချက်က သူ့ရဲ့ အမြန်နှုန်းလို့ ပြောရပါမယ်။ TeraWave ရဲ့ အမြင့်ဆုံး ဒေတာကူးပြောင်းမှုနှုန်းက တစ်စက္ကန့်ကို 6 Terabits (6 Tbps) အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါက အခုလက်ရှိ ရှိနေတဲ့ ဘယ်ဂြိုဟ်တု အင်တာနက်ထက်မဆို အဆပေါင်းများစွာ ပိုမြန်နေတာပါ။ ကျွန်တော်တို့ အခုသုံးနေတဲ့ အင်တာနက်က ရေပိုက်ခေါင်းက ကျတဲ့ရေလိုမျိုးဆိုရင် TeraWave က ရေတံခွန်ကြီးတစ်ခုလုံး စီးကျလာသလိုမျိုး ဒေတာတွေကို အလုံးအရင်းနဲ့ ပို့ပေးနိုင်မှာ ဖြစ်ပါတယ်။
Bezos ရဲ့ ကိုယ်ပွား - TeraWave vs Amazon Leo
ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာတစ်ခု ရှိပါသေးတယ်။ Jeff Bezos က Amazon ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်နေပြန်တော့ သူကိုယ်တိုင် တည်ထောင်ထားတဲ့ Amazon ရဲ့ "Project Kuiper" (Leo လို့လည်း ခေါ်ကြတဲ့ ဂြိုဟ်တုစီမံကိန်း) နဲ့ TeraWave က ပြိုင်ဘက်တွေ ဖြစ်မနေဘူးလား? လို့မေးစရာ ရှိလာပါတယ်။
တကယ်တော့ သူတို့က ဈေးကွက်ကို ခွဲယူထားတာပါ။ Amazon ရဲ့ Project Kuiper က Starlink လိုပဲ သာမန်ပြည်သူတွေဆီကို အင်တာနက် ရောက်အောင်သွားမှာဖြစ်ပြီး၊ Blue Origin ရဲ့ TeraWave ကတော့ ခုဏက ပြောခဲ့သလို စီးပွားရေးလုပ်ငန်းကြီးတွေကိုပဲ ကိုင်တွယ်မှာပါ။ ဆိုလိုတာက Bezos က အခြေခံလူတန်းစားကနေ အစိုးရအဆင့်အထိ အင်တာနက်ဈေးကွက် တစ်ခုလုံးကို "အိတ်သွန်ဖာမှောက်" သိမ်းကျုံးယူဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။
နည်းပညာ အောင်မြင်မှုနဲ့ ဘေးကဝေဖန်သံများ
Blue Origin အတွက် ၂၀၂၇ ခုနှစ်ကုန်မှာ TeraWave ဂြိုဟ်တုတွေကို စတင်လွှတ်တင်ဖို့ ရည်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း သူတို့ရဲ့ Rocket Booster ကို ပင်လယ်ပြင်ထဲက ရေပေါ်ပလက်ဖောင်းပေါ်မှာ အောင်အောင်မြင်မြင် ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ဒုံးပျံကို ပြန်လည်အသုံးပြုနိုင်တဲ့ နည်းပညာက အရင်က SpaceX တစ်ခုတည်းမှာပဲ ရှိခဲ့တာပါ။ အခုတော့ Blue Origin ကလည်း Musk ရဲ့ နည်းပညာကို အမီလိုက်နိုင်ပြီဆိုတာကို သက်သေပြလိုက်တာပါပဲ။
အောင်မြင်မှုတွေရဲ့တစ်ဖက်မှာ ဝေဖန်သံတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက Bezos ရဲ့ ဇနီး Lauren Sánchez အပါအဝင်၊ အဆိုတော် Katy Perry တို့လို နာမည်ကြီးတွေနဲ့ ၁၁ မိနစ်ကြာ အာကာသခရီးစဉ်တစ်ခုကို Blue Origin က ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာကြီးမှာ စီးပွားရေးတွေ ကျပ်တည်းနေချိန် ဒီလိုမျိုး ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံပြီး အပျော်ခရီးထွက်တာက "အခြေအနေမှန်ကို နားမလည်တာကြဘူးလား (Tone deaf)" လို့ လူအများက ဝေဖန်ခဲ့ကြပါတယ်။
ကျွန်တော်တို့အတွက် ဘာတွေ ဘာတွေဖြစ်လာနိုင်လဲ?
ဒီလို ဘီလီယံနာတွေရဲ့ အာကာသပြိုင်ပွဲက ကျွန်တော်တို့လို သာမန်လူတွေအတွက် ဘာအကျိုးရှိမလဲဆိုတာ ဆက်ကြည့်ရအောင်ပါ။
၁။ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှု (Global Connectivity)
အရင်က အင်တာနက်မရနိုင်တဲ့ တောတောင်ထူထပ်တဲ့နေရာတွေ၊ ဝေးလံခေါင်သီတဲ့ ကျွန်းတွေမှာပါ မြန်နှုန်းမြင့် အင်တာနက်တွေ ရလာတော့မယ်။ ဒါက ပညာရေးနဲ့ ကျန်းမာရေးအတွက် အခွင့်အလမ်းသစ်တွေဖြစ်ပါတယ်။
၂။ ဈေးကွက်ယှဉ်ပြိုင်မှု
ပြိုင်ဘက်တွေ များလာလေလေ၊ ဝန်ဆောင်မှု ပိုကောင်းလာပြီး ဈေးနှုန်းတွေလည်း ပိုပြီး သင့်တင့်လာဖို့ ရှိပါတယ်။ Musk တစ်ယောက်တည်း စိုးမိုးထားတဲ့ ဈေးကွက်ထဲကို Bezos ဝင်လာတာက သုံးစွဲသူတွေအတွက်တော့ သတင်းကောင်းပါ။
၃။ စီးပွားရေး အခွင့်အလမ်းသစ်
ဒေတာတွေကို စက္ကန့်ပိုင်းအတွင်း အမြောက်အမြား ပို့နိုင်လာတဲ့အတွက် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေ၊ အွန်လိုင်းကနေ အလုပ်လုပ်သူတွေအတွက် တံကားမရှိ၊ ဓားမရှိ တော့တဲ့ အခြေအနေကို ရောက်လာပါလိမ့်မယ်။
ဆိုတော့ Jeff Bezos ရဲ့ TeraWave က Elon Musk ကို စိန်ခေါ်ရုံတင်မကဘဲနဲ့ အနာဂတ်ရဲ့ နည်းပညာလောကကို တစ်ခေတ်ဆန်းစေမယ့် ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ ၂၀၂၇ ခုနှစ်မှာ စတင်မယ့် ဒီခရီးစဉ်ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးက ဘယ်လောက်အထိ ပိုပြီး ချိတ်ဆက်မိသွားမလဲဆိုတာ စိတ်လှုပ်ရှားစရာပါ။
အာကာသထဲက စစ်ပွဲမှာ ဘယ်သူပဲနိုင်နိုင်၊ အဓိက အကျိုးအမြတ်ရမှာက နည်းပညာရဲ့ အသီးအပွင့်တွေကို ခံစားရမယ့် ကျွန်တော်တို့ သုံးစွဲသူတွေပဲ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေတို့ရော... Starlink နဲ့ TeraWave ဘယ်သူက ပိုပြီး အောင်မြင်မယ်လို့ ထင်သလဲ? အောက်က Comment မှာရေးခဲ့ပေးပါဦး။ အနာဂတ်ကတော့ တကယ်ကို ရင်ခုန်စရာ ကောင်းနေပါပြီ။ 🌟🚀

$TSLA
စိတ်မရှည်ရင် Crypto ရော Stocks ပါ မလုပ်သင့်ဘူး ကိုယ် ရင်းနှီးလိုက်တဲ့ငွေတွေက ကိုယ်စိတ်မရှည်တာနဲ့ တခြားသူတွေဆီကို လှူလိုက်သလို ဖြစ်သွားတော့တာပဲ
စိတ်မရှည်ရင်
Crypto ရော Stocks ပါ မလုပ်သင့်ဘူး

ကိုယ် ရင်းနှီးလိုက်တဲ့ငွေတွေက
ကိုယ်စိတ်မရှည်တာနဲ့

တခြားသူတွေဆီကို
လှူလိုက်သလို ဖြစ်သွားတော့တာပဲ
🔻La situación del oro también se ha vuelto difícil - ¿Dónde han ido a parar los lingotes de oro en la reserva de emergencia de Rusia? 📈🇷🇺El oro es lo que se guarda para usar en momentos críticos, para apoyarse en tiempos de dificultad, es el "último recurso". Sin embargo, si ya has vendido más del 70% de todas las reservas de oro en casa y estás utilizando lo que queda para un conflicto, la situación ya no es sostenible, y todos lo saben. Ahora, eso es exactamente lo que está sucediendo en Rusia.

🔻La situación del oro también se ha vuelto difícil - ¿Dónde han ido a parar los lingotes de oro en la reserva de emergencia de Rusia? 📈🇷🇺

El oro es lo que se guarda para usar en momentos críticos, para apoyarse en tiempos de dificultad, es el "último recurso". Sin embargo, si ya has vendido más del 70% de todas las reservas de oro en casa y estás utilizando lo que queda para un conflicto, la situación ya no es sostenible, y todos lo saben. Ahora, eso es exactamente lo que está sucediendo en Rusia.
El mundo también está en silencio por Trump🔥Crypto está "en rojo" dando la bienvenida todos los días. Eso también es la naturaleza de Crypto. El movimiento de precios de anoche está relacionado con las tensiones políticas en una parte del mundo, lo que lo hace aún más interesante.

El mundo también está en silencio por Trump

🔥Crypto está "en rojo" dando la bienvenida todos los días. Eso también es la naturaleza de Crypto. El movimiento de precios de anoche está relacionado con las tensiones políticas en una parte del mundo, lo que lo hace aún más interesante.
🚨🇺🇸Greenland သဘောတူညီမှုအပြီးမှာ Trump က EU ရဲ့ အခွန်စည်းကြပ်တာတွေကိုပယ်ပစ်လိုက်တာကြောင့် U.S Stocks Market ထဲကို $850 BILLION ပြန်ဝင်လာခဲ့ပါတယ်။ Crypto လည်း နည်းနည်းလေးတက်လာပါတယ်
🚨🇺🇸Greenland သဘောတူညီမှုအပြီးမှာ Trump က EU ရဲ့ အခွန်စည်းကြပ်တာတွေကိုပယ်ပစ်လိုက်တာကြောင့် U.S Stocks Market ထဲကို $850 BILLION ပြန်ဝင်လာခဲ့ပါတယ်။

Crypto လည်း နည်းနည်းလေးတက်လာပါတယ်
ကိုယ်တွေရွှေဝင်ရင် ရွှေဈေးကျမယ် Bitcoin $BTC ဝယ်ရင် Bitcoin ဈေးကျမယ် အဲ့လောက်ကြီးက မဟုတ်သေးဘူးနော်🥹
ကိုယ်တွေရွှေဝင်ရင် ရွှေဈေးကျမယ်
Bitcoin $BTC ဝယ်ရင် Bitcoin ဈေးကျမယ်

အဲ့လောက်ကြီးက မဟုတ်သေးဘူးနော်🥹
Trump ကြောင့် Crypto ဈေးကျအာချောင်တဲ့ Trump ကြောင့် Bitcoin ဈေး $80,000 အောက် ဆင်းနိုင်ခြေ ၃၀% ရှိနေပြန်တယ် ဒီနေ့ ၂၀၂၆ ၊ ဇန်နဝါရီလ ၂၀ ရဲ့ မနက်ခင်းက Crypto သမားတွေအတွက်တော့ အေးစိမ့်စိမ့်နိုင်လှပါတယ်။ နှစ်သစ်အစမှာ Bitcoin (BTC) က $95,000 အထိ တက်သွားတော့ "ဒီတစ်ခါတော့ $100,000 ကို တန်းတက်တော့မယ်" လို့ ကျွန်တော်အပါအဝင် ညီကိုတို့လည်း မျှော်လင့်ခဲ့ကြမှာပါ။ ဒါပေမဲ့ အခုတော့ စျေးက $91,000 အောက်ကို ပြန်လျှောကျလာပြီး စိုးရိမ်စရာ သတင်းတွေ ထွက်လာပြန်ပါပြီ။ တကယ်တော့ ရင်းနှီးမြှုပ်နှံမှုဆိုတာ လှိုင်းစီးနေရသလိုပဲ။ လှိုင်းကြီးလေ၊ သတိထားရလေပါပဲ။ အခုလည်း Derive.xyz လိုမျိုး နည်းပညာအခြေပြု စျေးကွက်ဒေတာတွေအရ လာမယ့် ဇွန်လကုန်မှာ Bitcoin စျေးနှုန်းဟာ $80,000 အောက်ကို ကျဆင်းသွားဖို့ ၃၀ ရာခိုင်နှုန်းလောက် အခွင့်အရေးရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြီးက ကြောက်စရာကြီးလား? ဒါမှမဟုတ် အကွက်ချပြီး စောင့်ရမယ့် အချိန်လား? ဆိုတာ အတူတူလေ့လာကြည့်ရအောင်ပါ။ ၁။ စျေးကွက်ထဲက ဘာဖြစ်နေတာလဲ 📊 ဒီနေရာမှာ "Options" ဆိုတဲ့ စကားလုံးကို နားလည်ဖို့ လိုပါတယ်။ ရိုးရိုးလေး ပြောရရင် Options ဆိုတာ "အနာဂတ်အတွက် ကြိုတင် အာမခံချက် ယူထားတာ" ဒါမှမဟုတ် "လောင်းကြေးထပ်တာ" လို့ မြင်လို့ရပါတယ်။ Call Option: စျေးတက်မယ်လို့ ယူဆပြီး ကြိုဝယ်ထားတာ။ Put Option: စျေးကျလာရင် အရှုံးသက်သာအောင် ဒါမှမဟုတ် အမြတ်ရအောင် ကြိုရောင်းဖို့ စာချုပ်ချုပ်ထားတာ။ အခု Derive.xyz နဲ့ Deribit လို နေရာတွေမှာ "Put Options" တွေ အများကြီး စုပုံနေတာကို တွေ့ရတယ်။ အထူးသဖြင့် $75,000 နဲ့ $80,000 ကြားမှာ အဝယ်တွေ များနေတာတွေ့ရပါတယ်။ ဒါက စျေးကွက်ထဲက ဝေလငါးတွေနဲ့ အကောင်အကြီးကြီးအမှီးရှည်ရှည်တွေက Bitcoin စျေးက $70,000 ဝန်းကျင်အထိ ပြန်ကျလာနိုင်တယ်လို့ တွက်ဆပြီး ကြိုတင် ပြင်ဆင်နေကြတာပါ။ နှိုင်းယှဉ်ပြရရင် ဇွန်လ 26 ရက်နေ့မှာ BTC က $120,000 ကျော်သွားဖို့ အခွင့်အရေးက 19% ပဲ ရှိချိန်မှာ၊ $80,000 အောက် ကျဖို့က 30 % တောင် ရှိနေတာပါ။ ၂။ ဘာကြောင့် ဒီလောက်ထိ စိုးရိမ်နေကြတာလဲ? (The Greenland Factor) 🇬🇱🇺🇸 ညီကိုတို့လည်း ကြာမှာပါ။ Crypto ဆိုတာ ကမ္ဘာ့နိုင်ငံရေးနဲ့ ကင်းကွာလို့ မရပါဘူး။ အခုလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ "Greenland" (ဂရင်းလန်းကျွန်း) ကို သိမ်းပိုက်ဖို့ ကြိုးပမ်းတဲ့ အစီအစဉ်က ပြဿနာ စတက်တာပါပဲ။ UK တို့လို ဥရောပနိုင်ငံတွေက ဒါကို ကန့်ကွက်တော့ ထရမ့်က ဥရောပကလာတဲ့ သွင်းကုန်တွေအပေါ် ၁၀ ရာခိုင်နှုန်း အခွန် (Tariff) တိုးကောက်မယ်လို့ ပေါ်တင်ကြီး ခြိမ်းခြောက်လိုက်တာပါ။ ဒါက ဘာဖြစ်လို့ Bitcoin ကို ထိခိုက်တာလဲ? လွန်ခဲ့တဲ့ ၂၀၂၅ ဧပြီလတုန်းကလည်း ဒီလိုပဲ ထရမ့်ရဲ့ အခွန်တိုးကောက်မှုကြောင့် BTC ဟာ $75,000 အထိ ထိုးကျဖူးတဲ့ သမိုင်းရှိပါတယ်။ အခုလည်း အဲဒီလို "Geopolitical Tension" (နိုင်ငံရေးတင်းမာမှု) တွေက စျေးကွက်ကို မငြိမ်မသက် ဖြစ်စေပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက ကြောက်လာရင် Risk များတဲ့ Crypto ထဲကနေ ငွေပြန်ထုတ်တတ်ကြတာက သဘာဝပါပဲ။ ၃။ ခုအခြေအနေကို ဘယ်လိုရင်ဆိုင်ကြမလဲ 💡 ဖြစ်နေတာလည်း ဖြစ်နေပြီဆိုတော့ ဒီအခြေအနေကို ဘယ်လို ရင်ဆိုင်မလဲပေါ့။ စျေးက အခု "High Volatility" (အတက်အကျ အရမ်းကြမ်းတဲ့) အခြေအနေကို ကူးပြောင်းနေပါပြီ။ ဒါကြောင့် အလောတကြီး မလုပ်ပါနဲ့။ စျေးနည်းနည်း ကျတာနဲ့ Panic Sell ကြောက်ပြီး ရောင်းထုတ်တာ မျိုးကို ရှောင်ပါ။ Options ဒေတာဆိုတာ ခန့်မှန်းချက်ပဲ ဖြစ်ပြီး အမြဲတမ်း မှန်ကန်နေတာ မဟုတ်ပါဘူး။ နောက်တစ်ခုက Cash is King ပါ။ ကိုယ့်ရဲ့ Portfolio ထဲမှာ Stablecoin (USDT/USDC) အချို့ကို အဆင်သင့် ထားထားပါ။ တကယ်လို့ စျေးက $75,000 - $80,000 ဝန်းကျင်ကို တကယ် ကျလာခဲ့ရင် ဒါက ရေရှည်အတွက် "Discount စျေး" နဲ့ ဝယ်နိုင်မယ့် အခွင့်အရေးကောင်း ဖြစ်သွားနိုင်ပါတယ်။ ပြီးတော့ သတင်းကို မျက်ခြေမပြတ်ပါစေနဲ့။ အခုက နည်းပညာထက် နိုင်ငံရေး သတင်းတွေက စျေးကွက်ကို ပိုမောင်းနှင်နေတာပါ။ အထူးသဖြင့် အမေရိကန်နဲ့ ဥရောပကြားက ကုန်သွယ်ရေး စစ်ပွဲ ဘယ်လို ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ Trump က ခုတစ်မျိုး၊ တော်ကြာတစ်မျိုးလုပ်တတ်ပါတယ်။ ၄။ ရှေ့ဆက် ဘာဖြစ်နိုင်လဲ? (The Future Outlook) 🚀📉 Bitcoin က $91,000 ကနေ $80,000 အောက်ကို ဆင်းသွားဖို့ 30% အခွင့်အရေး ရှိနေတာ က သတိပေးခေါင်းလောင်းသံလို ဖြစ်လာနေတာပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း $120,000 ကို တက်ဖို့ မျှော်လင့်ချက်ကလည်း ပျောက်ကွယ်မသွားသေးပါဘူး။ လက်ရှိ အခြေအနေက "စောင့်ကြည့်ရမယ့် အချိန်" (Wait and See) ပါ။ စျေးကွက်က အောက်ဘက်ကို ဦးတည်နေတဲ့ "Downside Skew" ပြနေတာကြောင့် အခုအချိန်မှာ Leverage အများကြီးသုံးပြီး Long တာမျိုး (စျေးတက်မယ်လို့ လောင်းတာမျိုး) ကိုတော့ ရှောင်သင့်ပါတယ်။ Bitcoin က စိတ်ဓာတ် မာကျောသူတွေအတွက်ပဲ ဖြစ်ပါတယ်။ $80,000 အောက် ကျသွားခဲ့ရင်တောင် ဒါက Bitcoin ရဲ့ အဆုံးသတ်တော့ မဟုတ်ပါဘူး။ ဒါက စျေးကွက်ရဲ့ သံသရာတစ်ခုသာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စနစ်တကျ ခွဲဝေထားပြီး၊ စိတ်လှုပ်ရှားမှုနောက်ကို မလိုက်ဘဲ ဒေတာနောက်ကိုပဲ လိုက်ပါ။ ညီကိုရဲ့ Crypto ခရီးလမ်းမှာ ဒီလို အတက်အကျတွေက သင်ခန်းစာကောင်းတွေ ဖြစ်လာမှာပါ။ သတိနဲ့ ယှဉ်ပြီး ရင်းနှီးမြှုပ်နှံကြပါလို့ တိုက်တွန်းချင်ပါတယ်။ Good Luck ပါ ညီကိုတို့🤝💪 $BTC {spot}(BTCUSDT)

Trump ကြောင့် Crypto ဈေးကျ

အာချောင်တဲ့ Trump ကြောင့် Bitcoin ဈေး $80,000 အောက် ဆင်းနိုင်ခြေ ၃၀% ရှိနေပြန်တယ်
ဒီနေ့ ၂၀၂၆ ၊ ဇန်နဝါရီလ ၂၀ ရဲ့ မနက်ခင်းက Crypto သမားတွေအတွက်တော့ အေးစိမ့်စိမ့်နိုင်လှပါတယ်။ နှစ်သစ်အစမှာ Bitcoin (BTC) က $95,000 အထိ တက်သွားတော့ "ဒီတစ်ခါတော့ $100,000 ကို တန်းတက်တော့မယ်" လို့ ကျွန်တော်အပါအဝင် ညီကိုတို့လည်း မျှော်လင့်ခဲ့ကြမှာပါ။ ဒါပေမဲ့ အခုတော့ စျေးက $91,000 အောက်ကို ပြန်လျှောကျလာပြီး စိုးရိမ်စရာ သတင်းတွေ ထွက်လာပြန်ပါပြီ။
တကယ်တော့ ရင်းနှီးမြှုပ်နှံမှုဆိုတာ လှိုင်းစီးနေရသလိုပဲ။ လှိုင်းကြီးလေ၊ သတိထားရလေပါပဲ။ အခုလည်း Derive.xyz လိုမျိုး နည်းပညာအခြေပြု စျေးကွက်ဒေတာတွေအရ လာမယ့် ဇွန်လကုန်မှာ Bitcoin စျေးနှုန်းဟာ $80,000 အောက်ကို ကျဆင်းသွားဖို့ ၃၀ ရာခိုင်နှုန်းလောက် အခွင့်အရေးရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြီးက ကြောက်စရာကြီးလား? ဒါမှမဟုတ် အကွက်ချပြီး စောင့်ရမယ့် အချိန်လား? ဆိုတာ အတူတူလေ့လာကြည့်ရအောင်ပါ။
၁။ စျေးကွက်ထဲက ဘာဖြစ်နေတာလဲ 📊
ဒီနေရာမှာ "Options" ဆိုတဲ့ စကားလုံးကို နားလည်ဖို့ လိုပါတယ်။ ရိုးရိုးလေး ပြောရရင် Options ဆိုတာ "အနာဂတ်အတွက် ကြိုတင် အာမခံချက် ယူထားတာ" ဒါမှမဟုတ် "လောင်းကြေးထပ်တာ" လို့ မြင်လို့ရပါတယ်။
Call Option: စျေးတက်မယ်လို့ ယူဆပြီး ကြိုဝယ်ထားတာ။
Put Option: စျေးကျလာရင် အရှုံးသက်သာအောင် ဒါမှမဟုတ် အမြတ်ရအောင် ကြိုရောင်းဖို့ စာချုပ်ချုပ်ထားတာ။
အခု Derive.xyz နဲ့ Deribit လို နေရာတွေမှာ "Put Options" တွေ အများကြီး စုပုံနေတာကို တွေ့ရတယ်။ အထူးသဖြင့် $75,000 နဲ့ $80,000 ကြားမှာ အဝယ်တွေ များနေတာတွေ့ရပါတယ်။ ဒါက စျေးကွက်ထဲက ဝေလငါးတွေနဲ့ အကောင်အကြီးကြီးအမှီးရှည်ရှည်တွေက Bitcoin စျေးက $70,000 ဝန်းကျင်အထိ ပြန်ကျလာနိုင်တယ်လို့ တွက်ဆပြီး ကြိုတင် ပြင်ဆင်နေကြတာပါ။ နှိုင်းယှဉ်ပြရရင် ဇွန်လ 26 ရက်နေ့မှာ BTC က $120,000 ကျော်သွားဖို့ အခွင့်အရေးက 19% ပဲ ရှိချိန်မှာ၊ $80,000 အောက် ကျဖို့က 30 % တောင် ရှိနေတာပါ။
၂။ ဘာကြောင့် ဒီလောက်ထိ စိုးရိမ်နေကြတာလဲ? (The Greenland Factor) 🇬🇱🇺🇸
ညီကိုတို့လည်း ကြာမှာပါ။ Crypto ဆိုတာ ကမ္ဘာ့နိုင်ငံရေးနဲ့ ကင်းကွာလို့ မရပါဘူး။ အခုလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ "Greenland" (ဂရင်းလန်းကျွန်း) ကို သိမ်းပိုက်ဖို့ ကြိုးပမ်းတဲ့ အစီအစဉ်က ပြဿနာ စတက်တာပါပဲ။ UK တို့လို ဥရောပနိုင်ငံတွေက ဒါကို ကန့်ကွက်တော့ ထရမ့်က ဥရောပကလာတဲ့ သွင်းကုန်တွေအပေါ် ၁၀ ရာခိုင်နှုန်း အခွန် (Tariff) တိုးကောက်မယ်လို့ ပေါ်တင်ကြီး ခြိမ်းခြောက်လိုက်တာပါ။
ဒါက ဘာဖြစ်လို့ Bitcoin ကို ထိခိုက်တာလဲ?
လွန်ခဲ့တဲ့ ၂၀၂၅ ဧပြီလတုန်းကလည်း ဒီလိုပဲ ထရမ့်ရဲ့ အခွန်တိုးကောက်မှုကြောင့် BTC ဟာ $75,000 အထိ ထိုးကျဖူးတဲ့ သမိုင်းရှိပါတယ်။ အခုလည်း အဲဒီလို "Geopolitical Tension" (နိုင်ငံရေးတင်းမာမှု) တွေက စျေးကွက်ကို မငြိမ်မသက် ဖြစ်စေပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက ကြောက်လာရင် Risk များတဲ့ Crypto ထဲကနေ ငွေပြန်ထုတ်တတ်ကြတာက သဘာဝပါပဲ။
၃။ ခုအခြေအနေကို ဘယ်လိုရင်ဆိုင်ကြမလဲ 💡
ဖြစ်နေတာလည်း ဖြစ်နေပြီဆိုတော့ ဒီအခြေအနေကို ဘယ်လို ရင်ဆိုင်မလဲပေါ့။ စျေးက အခု "High Volatility" (အတက်အကျ အရမ်းကြမ်းတဲ့) အခြေအနေကို ကူးပြောင်းနေပါပြီ။
ဒါကြောင့် အလောတကြီး မလုပ်ပါနဲ့။ စျေးနည်းနည်း ကျတာနဲ့ Panic Sell ကြောက်ပြီး ရောင်းထုတ်တာ မျိုးကို ရှောင်ပါ။ Options ဒေတာဆိုတာ ခန့်မှန်းချက်ပဲ ဖြစ်ပြီး အမြဲတမ်း မှန်ကန်နေတာ မဟုတ်ပါဘူး။
နောက်တစ်ခုက Cash is King ပါ။ ကိုယ့်ရဲ့ Portfolio ထဲမှာ Stablecoin (USDT/USDC) အချို့ကို အဆင်သင့် ထားထားပါ။ တကယ်လို့ စျေးက $75,000 - $80,000 ဝန်းကျင်ကို တကယ် ကျလာခဲ့ရင် ဒါက ရေရှည်အတွက် "Discount စျေး" နဲ့ ဝယ်နိုင်မယ့် အခွင့်အရေးကောင်း ဖြစ်သွားနိုင်ပါတယ်။
ပြီးတော့ သတင်းကို မျက်ခြေမပြတ်ပါစေနဲ့။ အခုက နည်းပညာထက် နိုင်ငံရေး သတင်းတွေက စျေးကွက်ကို ပိုမောင်းနှင်နေတာပါ။ အထူးသဖြင့် အမေရိကန်နဲ့ ဥရောပကြားက ကုန်သွယ်ရေး စစ်ပွဲ ဘယ်လို ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ Trump က ခုတစ်မျိုး၊ တော်ကြာတစ်မျိုးလုပ်တတ်ပါတယ်။
၄။ ရှေ့ဆက် ဘာဖြစ်နိုင်လဲ? (The Future Outlook) 🚀📉
Bitcoin က $91,000 ကနေ $80,000 အောက်ကို ဆင်းသွားဖို့ 30% အခွင့်အရေး ရှိနေတာ က သတိပေးခေါင်းလောင်းသံလို ဖြစ်လာနေတာပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း $120,000 ကို တက်ဖို့ မျှော်လင့်ချက်ကလည်း ပျောက်ကွယ်မသွားသေးပါဘူး။
လက်ရှိ အခြေအနေက "စောင့်ကြည့်ရမယ့် အချိန်" (Wait and See) ပါ။ စျေးကွက်က အောက်ဘက်ကို ဦးတည်နေတဲ့ "Downside Skew" ပြနေတာကြောင့် အခုအချိန်မှာ Leverage အများကြီးသုံးပြီး Long တာမျိုး (စျေးတက်မယ်လို့ လောင်းတာမျိုး) ကိုတော့ ရှောင်သင့်ပါတယ်။
Bitcoin က စိတ်ဓာတ် မာကျောသူတွေအတွက်ပဲ ဖြစ်ပါတယ်။ $80,000 အောက် ကျသွားခဲ့ရင်တောင် ဒါက Bitcoin ရဲ့ အဆုံးသတ်တော့ မဟုတ်ပါဘူး။ ဒါက စျေးကွက်ရဲ့ သံသရာတစ်ခုသာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စနစ်တကျ ခွဲဝေထားပြီး၊ စိတ်လှုပ်ရှားမှုနောက်ကို မလိုက်ဘဲ ဒေတာနောက်ကိုပဲ လိုက်ပါ။
ညီကိုရဲ့ Crypto ခရီးလမ်းမှာ ဒီလို အတက်အကျတွေက သင်ခန်းစာကောင်းတွေ ဖြစ်လာမှာပါ။ သတိနဲ့ ယှဉ်ပြီး ရင်းနှီးမြှုပ်နှံကြပါလို့ တိုက်တွန်းချင်ပါတယ်။ Good Luck ပါ ညီကိုတို့🤝💪
$BTC
JUST IN: 🇺🇸🇬🇱 Trump က အောက်က နိုင်ငံတွေကို စည်းကြပ်ခွန် 10% စီ ထပ်တိုးကောက် • France • Finland • Norway • Sweden • Denmark • Germany • Netherlands • United Kingdom Greenland ကိုဝယ်ဖို့ သဘောမတူဘူးဆိုရင် June 1st ကနေစပြီး 25% ထပ်တိုးကောက်မယ်လို့ Trump ခြိမ်းခြောက်😅
JUST IN: 🇺🇸🇬🇱 Trump က အောက်က နိုင်ငံတွေကို စည်းကြပ်ခွန် 10% စီ ထပ်တိုးကောက်

• France
• Finland
• Norway
• Sweden
• Denmark
• Germany
• Netherlands
• United Kingdom

Greenland ကိုဝယ်ဖို့ သဘောမတူဘူးဆိုရင် June 1st ကနေစပြီး 25% ထပ်တိုးကောက်မယ်လို့ Trump ခြိမ်းခြောက်😅
No te sientas mal por las cosas que haces No te preocupes...🥰 Tampoco te pongas ansioso....😍 Porque no hay manera de que las cosas mejoren pronto😌
No te sientas mal por las cosas que haces
No te preocupes...🥰

Tampoco te pongas ansioso....😍
Porque no hay manera de que las cosas mejoren pronto😌
Crypto será mañana también, así que duerme Si lo ves, puede herir tus sentimientos Tranquilo... el precio no subirá🥴
Crypto será mañana también, así que duerme

Si lo ves, puede herir tus sentimientos

Tranquilo... el precio no subirá🥴
¿Qué es APRO??Según la tendencia actual, se observa que el RWA que permite la compra y venta de activos como oro, plata, petróleo, acciones y bienes raíces está expandiéndose más sobre Blockchain. En este lugar, oráculos grandes como Chainlink y Pyth son esenciales, ya que ellos envían precios del mundo real de oro y acciones a las aplicaciones de Blockchain.

¿Qué es APRO??

Según la tendencia actual, se observa que el RWA que permite la compra y venta de activos como oro, plata, petróleo, acciones y bienes raíces está expandiéndose más sobre Blockchain. En este lugar, oráculos grandes como Chainlink y Pyth son esenciales, ya que ellos envían precios del mundo real de oro y acciones a las aplicaciones de Blockchain.
🇺🇸🏦 ¿Puede subir el precio de Crypto si la FED reduce la tasa de interés en diciembre?🇺🇸🏦 ¿Puede subir el precio de Crypto si la FED reduce la tasa de interés en diciembre? 🏦 Se espera que el banco central de EE. UU., la FED, reduzca la tasa de interés en aproximadamente (25) puntos básicos en diciembre, según las proyecciones de JP Morgan.

🇺🇸🏦 ¿Puede subir el precio de Crypto si la FED reduce la tasa de interés en diciembre?

🇺🇸🏦 ¿Puede subir el precio de Crypto si la FED reduce la tasa de interés en diciembre?
🏦 Se espera que el banco central de EE. UU., la FED, reduzca la tasa de interés en aproximadamente (25) puntos básicos en diciembre, según las proyecciones de JP Morgan.
BULLISH: 🐳 $314,000,000 ဖိုး $ETH တွေကို ပြီးခဲ့တဲ့(၂)ရက်က whale တွေဝယ်ဥ သွားခဲ့ပါတယ်။ ဈေးတွေဆွဲချ၊ Fomo ဝင်အောင်လုပ်ပြီး အောက်ဈေးနဲ့ အပီကြုံးနေကြသော Whale များကိုတွေရှိ🙂
BULLISH: 🐳 $314,000,000 ဖိုး $ETH တွေကို ပြီးခဲ့တဲ့(၂)ရက်က whale တွေဝယ်ဥ သွားခဲ့ပါတယ်။

ဈေးတွေဆွဲချ၊ Fomo ဝင်အောင်လုပ်ပြီး အောက်ဈေးနဲ့ အပီကြုံးနေကြသော Whale များကိုတွေရှိ🙂
⏰JUST IN: El Total Spot ETF de Bitcoin abrió su precio hoy y en el primer minuto (30) el volumen de trading alcanzó los $1 billion. Dado que el mercado de Crypto, incluido Bitcoin, está cayendo mucho, puede ser que estén regresando a este precio bajo.
⏰JUST IN: El Total Spot ETF de Bitcoin abrió su precio hoy y en el primer minuto (30) el volumen de trading alcanzó los $1 billion.

Dado que el mercado de Crypto, incluido Bitcoin, está cayendo mucho, puede ser que estén regresando a este precio bajo.
BREAKING: 🇺🇸ငွေကြေးဖောင်းပွမှုတွေ ကျဆင်းနေရင် ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းလျှော့ချတာတွေကို ဆက်ပြီးလုပ်သင့်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး Bessent က ကျယ်ကျယ်လောင်လောင် ပြောလာပါပြီ။ တကယ်တန်း FED က အတိုးနှုန်းလျှော့ချနေပေမယ့် ဆင်မကြီးကို ခြင်ထီးက စားနေသလိုဖြစ်နေတာကြောင့် Crypto ဈေးတွေက လှုပ်တောင် မလှုပ်တဲ့အပြင် အောက်ကိုပဲ ဆင်းနေပါတယ်။😞
BREAKING: 🇺🇸ငွေကြေးဖောင်းပွမှုတွေ ကျဆင်းနေရင် ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းလျှော့ချတာတွေကို ဆက်ပြီးလုပ်သင့်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး Bessent က ကျယ်ကျယ်လောင်လောင် ပြောလာပါပြီ။

တကယ်တန်း FED က အတိုးနှုန်းလျှော့ချနေပေမယ့် ဆင်မကြီးကို ခြင်ထီးက စားနေသလိုဖြစ်နေတာကြောင့် Crypto ဈေးတွေက လှုပ်တောင် မလှုပ်တဲ့အပြင် အောက်ကိုပဲ ဆင်းနေပါတယ်။😞
¿Qué es OpenEden?Un sentimiento de llanto constante que siente un Crypto Bro cuando todo va mal. La sensación de que si el precio baja, te quejas, y si sube, te alegras, es como cuando en Myanmar hay un apagón, te quejas, y cuando la luz regresa, es una gran sensación de alegría...

¿Qué es OpenEden?

Un sentimiento de llanto constante que siente un Crypto Bro cuando todo va mal. La sensación de que si el precio baja, te quejas, y si sube, te alegras, es como cuando en Myanmar hay un apagón, te quejas, y cuando la luz regresa, es una gran sensación de alegría...
တိုးပွါးအောင်လို့ ရင်းနှီးမြှုပ်နှံပါတယ်ဆိုမှ တိုးပွါးမလာတဲ့အပြင် အနုတ်တွေပါပြနေပြီ အမှန်အတိုင်းပြောရရင် မလုပ်ချင်တော့ဘူးပေါ့နော် ဒီအလုပ်ကြီးကို
တိုးပွါးအောင်လို့ ရင်းနှီးမြှုပ်နှံပါတယ်ဆိုမှ
တိုးပွါးမလာတဲ့အပြင် အနုတ်တွေပါပြနေပြီ
အမှန်အတိုင်းပြောရရင် မလုပ်ချင်တော့ဘူးပေါ့နော် ဒီအလုပ်ကြီးကို
·
--
Alcista
တန်ဖိုးဆိုတာ ထားတတ်တဲ့သူရဲ့လက်ထဲမှာပဲ အဖိုးတန်တာပါဗျာ😌
တန်ဖိုးဆိုတာ

ထားတတ်တဲ့သူရဲ့လက်ထဲမှာပဲ

အဖိုးတန်တာပါဗျာ😌
·
--
Alcista
Trump ကြီး လေယာဉ်ပေါ်မှာ တစ်ကြောင်းဆွဲပြီး မလေးရှားမှာ လာကဲနေပြီ ဆိုတာ သင်သိပါသလား😮‍💨 {spot}(BTCUSDT)
Trump ကြီး လေယာဉ်ပေါ်မှာ တစ်ကြောင်းဆွဲပြီး မလေးရှားမှာ လာကဲနေပြီ ဆိုတာ သင်သိပါသလား😮‍💨
🐳Whale ကြီးတစ်ကောင် 1,953 $BTC ကို $217 million ဖိုး Binance ကနေ ဝယ်ဥသွားပြန်ပြီ။ 🚀အခုလို Whale တွေ ပမာဏများများဝယ်ပြီး သူတို့ရဲ့ Wallet ထဲကို လွှဲထည့်ပြီဆိုရင် ရေရှည်ဥထားဖို့ဖြစ်ပြီး ဈေးတက်နိုင်ပါတယ်။ 🔻တကယ်လို့ Whale တွေက သူတို့ Wallet ကနေ exchange တွေဆီ ပြန်လွှဲပြီဆိုရင် ရေင်းထုတ်ဖို့ ဖြစ်နိုင်ပြီး ဈေးကျနိုင်ပါတယ်။
🐳Whale ကြီးတစ်ကောင် 1,953 $BTC ကို $217 million ဖိုး Binance ကနေ ဝယ်ဥသွားပြန်ပြီ။

🚀အခုလို Whale တွေ ပမာဏများများဝယ်ပြီး သူတို့ရဲ့ Wallet ထဲကို လွှဲထည့်ပြီဆိုရင် ရေရှည်ဥထားဖို့ဖြစ်ပြီး ဈေးတက်နိုင်ပါတယ်။

🔻တကယ်လို့ Whale တွေက သူတို့ Wallet ကနေ exchange တွေဆီ ပြန်လွှဲပြီဆိုရင် ရေင်းထုတ်ဖို့ ဖြစ်နိုင်ပြီး ဈေးကျနိုင်ပါတယ်။
Inicia sesión para explorar más contenidos
Descubre las últimas noticias sobre criptomonedas
⚡️ Participa en los debates más recientes sobre criptomonedas
💬 Interactúa con tus creadores favoritos
👍 Disfruta del contenido que te interesa
Correo electrónico/número de teléfono

Artículos en tendencia

Ver más
Mapa del sitio
Preferencias de cookies
Términos y condiciones de la plataforma